လှိုင်းဘွဲ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း၌ အခြေခံစားသောက်ကုန်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေး၊ ယာယီပျံကျဈေး၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အစားအသောက်များအား ပိုးမွှားမဝင်ရောက်နိုင်အောင် ကာရံထားရှိရေး၊ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များ ထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့် Mask များ၊ မျက်နှာကာများ တပ်ဆင်ပြီးမှ ရောင်းချမှု ရှိစေရေး စသည့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အသိပညာပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)