ရွှေဂွန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား နည်းပညာပေးဆွေးနွေး

လှိုင်းဘွဲ  ဩဂုတ် ၂၂

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် စီမံကိန်း လုပ်ငန်း များအား နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ရွှေဂွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်၊ စီမံကိန်းလုပ်ငန်းအား ကြီးကြပ်တတ်စေရန်၊ ဝယ်ယူရေးအစီအစဉ်၊ လည်ပတ် ထိန်းသိမ်းရေး အစီအစဉ်၊ ရသုံးမှန်းခြေ ဇယား ရေးဆွဲအသုံးပြုတတ်စေရန်အတွက် ဆွေးနွေးခဲ့ကြပြီး လူထုဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူး၊ မြို့နယ်နည်းပညာအကြံပေးရေးအဖွဲ့နှင့် ရွှေဂွန်းကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များအား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)