ကျီခါးမြို့ အ.မ.က (၂) ကျောင်း၌ စာသင်ဆောင်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေနေရာအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ ကျီခါးမြို့ အ.မ.က(၂)ကျောင်း၌ ကျောင်းဆောင်သစ်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့်‌မြေနေရာအား တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မူဆယ်မြို့၌ မြန်မာစာဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၈) ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ချီးမြှင့်ငွေပေးအပ်အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က မူဆယ်မြို့၊ ရွှေနဂါး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

မိုင်းတုံမြို့၌ မျိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါး RS to CS မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းရယ်တွင် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် တစ်အိမ်တက်ဆင်း မဲစာရင်းများ စစ်ဆေး

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် မဲစာရင်းစိစစ်ရေးကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် (၉) နာရီက မိုင်းရယ်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရမည်းသင်းမြို့နယ်အတွင်း အထက်တန်းကျောင်း (၄) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် စက်ဘီး (၅၀၀) စီး ထောက်ပံ့လှူဒါန်းပေးအပ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေသည် ယမန်နေ့နံနက်ပိုင်းက ရမည်းသင်းမြို့နယ် မြို့လှအထကကျောင်း၊ ငှက်သိုက်ကျေးအထကကျောင်း၊ ရွာတန်းအထကကျောင်းနှင့် သိမ်ကုန်းအထကကျောင်းများ၌ ပညာသင်ရန်သွားလာရေးခက်ခဲသော ရပ်ဝေးကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများအတွက် စက်ဘီး (၅၀၀) ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အရိပ်ရပင်နှင့် ပန်းပင်များစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပင်နှင့် ပန်းပင်များကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ၊ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဂွ-ငါးသိုင်းချောင်းလမ်းဆုံရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ယမန်နေ့နံနက်ပိုင်းကစတင်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ခရီးသွားလာမှုများကို စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့မရဲစခန်းအချုပ်ရှိ အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တရားရုံး ခရိုင်တရားသူကြီး ဒေါ်မိမိခိုင်သည် ကန့်ဘလူမြို့နယ် တရားသူကြီး ဒေါ်ဥမ္မာမြင့်လိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့မရဲစခန်းအချုပ်ရှိ အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့်မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေး

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပခုက္ကူမြို့နယ်၊ မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မဲစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to