ကန့်ဘလူမြို့မရဲစခန်းအချုပ်ရှိ အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကန့်ဘလူ ဩဂုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တရားရုံး ခရိုင်တရားသူကြီး ဒေါ်မိမိခိုင်သည် ကန့်ဘလူမြို့နယ် တရားသူ ကြီး ဒေါ်ဥမ္မာမြင့်လိုက်ပါလျက် ယမန်နေ့နံနက် နာရီက ကန့်ဘလူမြို့မရဲစခန်းအချုပ်ရှိ အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ခရိုင်တရားသူကြီး ဒေါ်မိမိခိုင်က ကန့်ဘလူမြို့မ ရဲစခန်းအချုပ်ရှိ အချုပ်သားများကို နေထိုင်စားသောက်ရာတွင် သင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်ခံယူရမှု ရှိ/မရှိ၊ အမျိူးသမီးအစောင့်အရှောက်များဖြင့်ထားရှိခြင်း ရှိ/မရှိ နှင့် ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/မရှိတို့ကို အချုပ်သူ၊ အချုပ်သားများအား တွေ့ဆုံမေးမြန်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)