တမူးမြို့တွင် Covid-19 Special Relief Lone ဘဏ်ချေးငွေများ ဆက်လက်ထုတ်ချေး

တမူး သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ တောင်သူများ ကိုဗစ်-၁၉ ကာလအတွင်း လယ်ယာမြေများ စိုက်ပျိုးရာတွင် အဆင်ပြေစွာအသုံးပြုနိုင်ရေးအတွက် တမူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ Covid-19 Special Relief Lone ဘဏ်ချေးငွေများ ကို အတိုးနှုန်းသက်သာစွာဖြင့် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ဇွန်လ(၂၉)ရက်မှသြဂုတ်လ(၂၄)ရက်နေ့အထိ ကျေးရွာအုပ်စု(၂၁)အုပ်စု၊ တောင်သူ (၂၄၇၀)ဦး၊ (၁၅၄၉၁) ဧကအတွက် ထုတ်ချေးငွေ သိန်းပေါင်း(၇၇၀၀) ကျော် ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း တစ်ဧကလျင် (၅၀၀၀၀)ကျပ်နုန်းဖြင့် အများဆုံး (၁၀)ဧက အထိ အလှည့်ကျစနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း တမူးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးညွှန့်အေး ထံမှသိရှိရသည်။

တမူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီ ကိုဗစ်ကာလအတွင်း ငွေထုတ်ယူရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် အလက(ခွဲ)-၇ ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ပြီး ငွေလာ ရောက်ထုတ်ယူကြသူများအား စနစ်တကျလက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)များတပ်ဆင်စေ၍ ငွေထုတ်ယူခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)