မိုင်းငေါ့မြို့တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားစီးရေး လုပ်ငန်းများအတွက် ယနေ့ နံနက်(၁၀)နာရီအချိန်က နှာခေါင်းစည် Mask တပ်ဆင်သွားလာမှုမရှိသော ပြည်သူများအားနှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ပြည်သူများ ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်အတွင်း သန့်ရှင်းသာယာ လှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းတူးဖော် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက (ဆ)ရပ်ကွက် သုနန္ဒာ(၁၀)လမ်းနှင့် (၁၃) လမ်းတွင် ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် လမိုင်းမြို့ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၁)နာရီ က ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြသဆောင်ရွက်ခဲ့သည်။

ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း အလုပ်အမှု ဆောင် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့သည်။

ကသာခရိုင် အင်းတော်မြို့တွင် အသက်(၅) နှစ်မှ ( ၁၆ ) နှစ်အတွင်း ကလေးသူငယ်များအား သံချဆေး တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း(အင်းတော်) တွင် ယနေ့ နံနက်ပိုင်းက အသက် ( ၅ ) နှစ်မှ ( ၁၆ ) နှစ်အတွင်း ကျောင်းသားကျောင်းသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်း များအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၄)ဦးအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့်ဆက်လက်ပို့ဆောင်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျလွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိသည်။

ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးလျှောက်ထားရန် ငွေဗိုက် (ngwe bikeapplication)ဖြင့် စာရင်းပေးသွင်းနိုင်ရေး ကူညီဆောင်ရွက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Covid-19 ကာလ ကလေးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးလျှောက်ထားရန်အတွက် ငွေဗိုက် (ngwe bike application)ဖြင့် စာရင်းပေးသွင်းရာတွင် အခက်အခဲမရှိစေရန် ကလေးခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှဝန်ထမ်းများက လိုက်လံကူညီရှင်းပြပေးခြင်းများကို ယမန်နေ့များက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကသာခရိုင် ဗန်းမောက်မြို့နယ်တွင် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ်စံပြကွက်များ စနစ်တကျစိုက်ပျိုးထားရှိမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စက်တောနည်းပညာစင်တာနှင့် ကြောင်လည် နည်းပညာစင်တာနယ်မြေများတွင်း (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးသန့် မျိုးစေ့ထုတ်စံပြကွက်များ စနစ်တကျစိုက်ပျိုးထားရှိမှု ရှိ/မရှိနှင့် အသိပညာပေးဆွေးနွေးပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to