ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ အလွန် စီးပွားရေးကုစားမှုသက်မွေးပညာသင်တန်းဆင်းပွဲကျင်းပ

ကွန်ဟိန်း ဩဂုတ်    ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကွန်ဟိန်းမြို့ ၊ နမ့်ပန်ခမ်းမ၌ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော ကိုဗစ်-၁၉ အလွန် စီးပွားရေးကုစားမှု သက်မွေးပညာ သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သီတာအောင်မှ သင်တန်းဆင်း လက်မှတ်ပေးအပ်ရာ သင်တန်းသူကိုယ်စားလှယ်တစ်ဦး လက်ခံရယူခဲ့သည်။ 

ထို့နောက် မြို့မိမြို့ဖ ဦးစိုင်းကျော်လှမှ အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူ ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူး တင်စကားပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာမနှစ်ဦးအား အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)