ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် သတင်းစာဆရာအသင်း၏ နှစ်ပတ်လည် အစည်းအဝေး ကျင်းပရန် ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီက အင်းစိန်မြို့နယ် ရွာမ အနောက်ရပ်ကွက်ရှိ သတင်းစာဆရာများ အသင်းရုံး၌ ကျင်းပ ခဲ့သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် အသင်း၏နှစ်စဉ်ကြေး ကောက်ခံရန်နှင့် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရာတွင် ကိုဗစ်−၁၉ ရောဂါမကူးစက်နိုင်အောင် ကာကွယ်ထားရန်၊ ကြိုဆိုနေရာချ ကျွေးမွေးဧည့်ခံရန်တို့ကို အမှုဆောင်များက ဆွေးနွေးတင်ပြ ရာ သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးဘိုကြည်က ထောက်ခံ ဆွေးနွေးပြီး ဩဂုတ်လ ၃၀ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပရန် အတည်ပြုခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)