ရေနံချောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ယနေ့နံနက် ၉ နာရီခွဲက ရေနံချောင်းမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်ပစ္စည်းဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(mask)၊ လက်သန့်ဆေးရည်၊ Face shield များ ဈေးနှုန်းမြှင့်တင်ရောင်ချမှုရှိ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။