ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဒေါ့ဖုန်းယန်  သြဂုတ် ၂၅

ကျောင်းသားလူငယ်လူရွယ်များ စာပေဗဟုသုတတိုးပွားစေရန်နှင့် ပြည်သူ့စာကြည့်တိုက်ကို အသုံးပြု တတ်လာစေရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်မြသက်ဦးက ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်ရှိ သုတစာအုပ်များ ဖြစ်သည့် စာရေးဆရာ အောင်သင်း၏ မျိုးဆက်သစ်ရဲ့မဟာမိတ်၊ ဒေါက်တာမတင်ဝင်း၏ လွတ်လပ် ပေါ့ပါးသော စိတ်ထားရှိပါစေ၊ မောင်အောင်၏ လကွယ်ည၏အလင်းရောင်၊ ဖေမြင့်၏ စဉ်းစားခြင်းနှင့် ပြောတတ်ဆိုတတ် ပေါင်းသင်းတတ် တဲ့သူ စသည့် သုတ စာအုပ် အုပ်ရေ (၂၀)ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ နဝမတန်း ကျောင်းသား/ကျောင်းသူ (၂၀)ဦး တက်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မြသက်(ပြန်/ဆက်)