မြန်အောင် ဩဂုတ် ၂၅
မြန်အောင်မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချိုချို ဦးဆောင်၍ မြန်အောင်မြို့ နေခြည်ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များနှင့် မြို့ပေါ်ရှိစားသောက်ဆိုင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်း ချရန်နှင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြန်အောင်မြို့ နေခြည်ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များနှင့် မြို့ပေါ်ရှိစားသောက်ဆိုင်များအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်း ကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို မြန်အောင်မြို့နယ် အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချို ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမြတ်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ်(မြန်အောင်)