ဖယ်ခုံမြို့နယ်၌ဓာတ်အားစနစ်ပိုမိုကောင်းမွန်စေရေးထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်

ဖယ်ခုံ       သြဂုတ်  ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ဓာတ်အားစနစ် ပိုမို ကောင်းမွန်စေရေး နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် နာရီမှ ညနေ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်အားစနစ်ပိုမိုကောင်းမွန်စေရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံ မှ ၂၀၂၀ ခုနှစ်၊ တတိယသုံးလပတ် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖယ်ခုံမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းရှိ ၃၃ ကေဗွီဓာတ်အားလိုင်း နှင့် မြို့ပေါ်ရပ်ကွက်များရ ၁၁ကေဗွီ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၃၃ ကေဗွီ ၁၂ မိုင်နှင့် မြို့ပေါ် ရပ်ကွက်များအတွင်း ၁၁ ကေဗွီဓာတ်အားလိုင်းများအား စစ်ဆေးပြုပြင်ခြင်း၊ဓာတ်အားလိုင်း နှင့်မလွတ် ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးသန့်ဇင်၀င်း ထံမှ သိရှိရသည်။

 

ကိုထွေး(ဖယ်ခုံ)