ထန်းတပင်မြို့နယ် ကြို့ကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လွှဲပြောင်းပေးအပ်

ထန်းတပင်(ပဲခူး) ဩဂုတ် ၂၅

ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်အရ  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကြို့ကုန်း ကျေးရွာ တွင် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီက ကြို့ကုန်းကျေးရွာ  ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဆင့်က ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း ဆောင်ရွက်ပေးရခြင်းမှာ ကျေးလက်နေပြည်သူများ၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုး မွေးမြူရေး ထုတ်လုပ်သူ များနှင့် အသေးစားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရရှိသော ငွေကြေး အရင်းအနှီး ဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးဆင့်က ကျေးရွာမတည်ငွေ ရရှိသည့် ကြို့ကုန်း ကျေးရွာ သို့ ရန်ပုံငွေကျပ်(၃၀၀)သိန်းကို သက်ဆိုင်ရာ ကျေးရွာစီမံကိန်းကော်မတီဝင်များထံသို့ ကျေးရွာ အရောက် လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)