စမ်းချောင်း ဩဂုတ် ၂၅
၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများတွင် အစိုးရ ခွင့်ပြုချက်ဖြင့်နိုင်ငံပြည်ပရောက်နေသူများ နိုင်ငံရပ်ခြား ကြိုတင်မဲပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် (၁)နာရီ တွင် စမ်းချောင်း Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် စမ်းချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးညွန့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်နှင်းသဉ္ဇာဦးမှ နိုင်ငံပြည်ပ ရောက်ရှိနေသူများ နိုင်ငံရပ်ခြား ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ-၁၅ရရှိပြီးရပ်ကွက် အလိုက်ပြန်လည်စိစစ်ကာကြိုတင်မဲပေးနိုင်ရေး အတွက် ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ စာအုပ်ကို ဆွေးနွေး တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထူးထက်(ပြန်/ဆက်)