ဓနုဖြူမြို့နယ်တွင် အပတ်စဥ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ဓနုဖြူ ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက် အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း စျေးရောင်းချ သူများအနေဖြင့် အပတ်စဥ် တနင်္ဂနွေနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူနှင့် အခြားသင့်လျော်ရာ အစားထိုးပစ္စည်းများဖြင့် ထုတ်ပိုးသုံးစွဲကြရန် လိုက်လံအသိပေးခြင်းနှင့်လိုက်နာဆောင်ရွက်မှုရှိစေရေး မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များမှ လိုက်လံကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်