ပန်းတနော်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော နေအိမ်(၂)လုံးအား ထောက်ပံ့ပစ္စည်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းအုပ်စု၊ နံဂါတ်ရိုးကျေးရွာတွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော နေအိမ်(၂)လုံးအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်းတနော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သင်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ကော့သောင်းခရိုင်အတွင်းရှိ မဲဆန္ဒရှင်စာရင်း၌ ကွက်လပ်ဖြစ်ပေါ်နေမှုများအား ဖြည့်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော့သောင်းခရိုင်အတွင်း မဲပေးကြမည့်မဲဆန္ဒရှင်စာရင်းများမှာ ကွက်လပ်ဖြစ်နေမှုများကို ဖြည့်သွင်းနိုင်ရေး ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမမှာ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask)၊ အသိပညာပေး လက်ကမ်းစာစောင်များ Campaign အသွင်နှင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ဆော်သြ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ Campaign အသွင်နှင့် မော်တော်ယာဉ်များဖြင့် နေ့၊ ည မပျက် အရှိန် အဟုန်မြှင့် လှည့်လည်ဆော်သြလျက်ရှိကြောင်း သိရှိရသည်။

တွန်းဇံမြို့၌ COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တွင် ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပသည်။

အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် အပြင်ထွက်လျှင် Mask တပ်ဆင် သည့် အလေ့အထကောင်း ရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ Mask Campaign အား အရှိန်အဟုန် မြှင့်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက မိုင်းရှူးမြို့၊ မြို့လယ်တံတားတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်တွင် Book Club အဖွဲ့ဝင်များ စုပေါင်းကျင်းပသော စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ​ ဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်​နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ကျန်းမာ​ရေးဌာန၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့ ပူး​ပေါင်း၍ သွေးလွန်တုတ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် စျေးကြီးအ​ရှေ့ရပ်ကွက်၊ စျေးက​လေးရပ်ကွက်အတွင်း သွား​ရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများကို ကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။
Subscribe to