အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်   ဩဂုတ်  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကူးစက်နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန် က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် ဖော့ကန်ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်ပေး ခြင်နှင့် မကူးစက် နိုင်သော ရောဂါများ စောင့်ရှောက်ကုသခြင်း လုပ်ငန်းများကို အင်းစိန်မြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး အသိပညာ ပေး ဟောပြောခြင်း၊ သင့်တော်သော ကိုယ်လက် လှုပ်ရှား ခြင်းများအား သရုပ်ပြ၍ လေ့ကျင့်စေခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သွေးတိုး၊ ဆီးချို၊ ကင်ဆာနှင့် ပတ်သက်၍ နေထိုင်စားသောက်မှုပုံစံများ နောက်ဆက်တွဲရောဂါများနှင့် ကာကွယ်နည်းများ စသည်တို့ကို ဆောင်ရွက်ခဲ့ကြ သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် မကူးစက်နိုင်သောရောဂါများ စောင့်ရှောက်ကုသခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)