ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ မဖြစ်ပေါ်စေရေးအတွက် မြို့အဝင်ဂိတ်တွင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များအား နှိုးဆော်အသိပေးခြင်း၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းကစ၍ ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ အဝင်အင်္ဂပူကျေးရွာ၊ ဒေးဒရဲတံတားအဆင်းတွင် စစ်ဆေးရေး ဂိတ်ဖွင့်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ကော်မတီဝင်များ ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ကိုဗစ်-၁ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အေးချမ်းသာယာ ခန်းမတွင် ကျင်းပခဲ့သည်။

ပေါင်မြို့နယ်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

သထုံခရိုင် ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံး ဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းက ကဒါရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများကို သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

မြောင်းမြမြို့နယ်၌ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ကိုဗစ် -၁၉ ကူးစက်ရောဂါအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကိုလူစည်ကားနေရာဖြစ်သည့် မြို့မဈေးကြီးရှေ့ ၊ ၇ လမ်း၊ ဦးဘချိုရင်ပြင်၊ ၁၂ လမ်းလမ်းဆုံ၊ ကွယ်လွယ်မြို့အဝင်ဂိတ်နှင့် လပွတ္တာမြို့အထွက် လမ်းဆုံတို့တွင် အဖွဲ့ ၄ ဖွဲ့ခွဲ၍ ယနေ့နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပခုက္ကူမြို့ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းက လက်ဆေးရေစင်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်

ပခုက္ကူမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ လက်ဆေးရေစင်များနှင့်ကို ဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပခုက္ကူမြို့ အထက၂ ပိတောက်ခန်းမတွင် ကျင်းပသည်။

ပုလောမြို့နယ်၌ မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသန်း ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့၊ (၄) ရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ပရဟိတအသင်းအဖွဲ့များ စု​ပေါင်း၍ ​ဖား​ဆောင်းမြို့ ရေ​ဘေးသင့်အိမ်​ထောင်စုများ အတွက် ​ထောက်ပံ့ပစ္စည်းများ လာ​ရောက်​ပေးအပ်

ဖား​ဆောင်းမြို့တွင် သံလွင်မြစ်​ရေ မြင့်တက်မှု​ကြောင့် ​ရေ​နှစ်မြှုပ်ခဲ့သည့် ​ရေ​ဘေးသင့်အိမ်​ထောင်စုဝင် များအတွက် ကယားပြည်နယ် ပရဟိတအသင်း(၁၉)ဖွဲ့မှ ပူး​ပေါင်း၍ ယ​မန်နေ့​နေ့လည် (၁၂)နာရီတွင် ​ရေ​ဘေးသင့် အိမ်​ထောင်စုဝင်များ​အတွက် လှူဒါန်းမှု လက်ခံရန်​နေရာအဖြစ် ဖွင့်လှစ်ထားရှိသည့် နန်းဟူးကုန်း​ကျေးရွာ (မူလွန်)​ကျောင်းတွင် အ​ခြေစိုက်ထားရှိသည့် ​နေရာသို့ ​ထောက်ပံ့ပစ္စည်းများ လာရောက်​ပေးအပ်လှူဒါန်း ကူညီခဲ့ပါသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က အဖွင့်အမှာစကား ပြောကြား သည်။

ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းဆွေးနွေး

ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေး ခန်းမ တွင် ပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားသည်။

ဆင်ပေါင်ဝဲမြို့နယ် အင်ပင်လှကျေးရွာ၌ ပညာရေးဌာနမှ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍ အဆင့်မြှင့် တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အင်ပင်လှကျေးရွာ အခြေခံပညာ အထက် တန်းကျောင်း (ခွဲ)၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ်သိန်း (၄၄၀)ဖြင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။
Subscribe to