ကြည့်မြင်တိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ​ ဆောင်ရွက်

ကြည့်မြင်တိုင် ဩဂုတ် ၂၆

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်​နေ့ နံနက်ပိုင်းက ပြည်သူ့ ကျန်းမာ​ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ကျန်းမာ​ရေးဌာန၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့ ပူး​ပေါင်း၍ သွေးလွန်တုပ်ကွေး​ရောဂါ ကြိုတင် ကာကွယ်​ရေးအတွက် စျေးကြီးအ​ရှေ့ရပ်ကွက်၊ စျေးက​လေးရပ်ကွက်အတွင်း သွား​ရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများကို ကွင်းဆင်း​ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း နေအိမ်များရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ် နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားစေနိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်း ရေကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)