မိုင်းရှူး ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် အပြင်ထွက်လျှင် Mask တပ်ဆင် သည့် အလေ့အထကောင်း ရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ Mask Campaign အား အရှိန်အဟုန် မြှင့်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀) နာရီက မိုင်းရှူးမြို့၊ မြို့လယ်တံတားတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ယင်းလှုပ်ရှားမှုတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်နှင့် ဝန်ထမ်းများ၊ ကော်မတီ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက ပြည်သူများအား ပါးစပ်/နှာခေါင်းစည်း (Mask) များလိုက်လံဝေငှပြီး မဖြစ်မနေ အိမ်အပြင် ထွက်ပါက ပါးစပ်/နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)