မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask)၊ အသိပညာပေး လက်ကမ်းစာစောင်များ Campaign အသွင်နှင့် မော်တော်ယာဉ်များဖြင့် လှည့်လည်ဆော်သြ

မိုင်းပန် သြဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍  မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းတို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ Campaign အသွင်နှင့် မော်တော်ယာဉ်များဖြင့် နေ့၊ ည မပျက် အရှိန် အဟုန်မြှင့် လှည့်လည် ဆော်သြလျက်ရှိကြောင်း သိရှိရသည်။

မိုင်းပန်မြို့၊ အနောက်ရပ်ကွက်၊ မိုင်းပန်-ကျိုင်းတောင် လမ်းဆုံ၌ ယနေ့ (၁၀)နာရီအချိန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စေတနာ့ဝန်ထမ်း (Volunteer) တို့မှ လမ်းသွားလမ်းလာ၊ ခရီးသွားမိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့အား Campaign အသွင်ဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီး ဌာနတို့မှ မော်တော် ယာဉ်များဖြင့် နေ့၊ ည မပျက်မကွက် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ ပြည်သူများသို့ပန်ကြားချက်အား ဆော်သြပေးလျက်ရှိရာ ယနေ့ အချိန်အထိ မိုင်းပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လူနာနှင့် သံသယလူနာမရှိပါကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

မိုင်းပန်(ပြန်/ဆက်)