လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသင်းချုပ် ဥက္ကဋ္ဌမှ ဝန်ထမ်းများအား လမ်းညွှန်မှာကြား

လမ်းမတော် သြဂုတ် ၂၇

လမ်းမတော်မြို့နယ်  UMFCCI  တွင် ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် အတွင်းရေးမှူးအဖွဲ့တို့မှ အသင်းချုပ်ရုံး ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းတွင်  လမ်းညွှန်မှာကြားဆွေးနွေးခဲ့သည်။

အသင်းချုပ်ရုံးသို့ အဝင်၊ အထွက်များ စိစစ်ကြပ်မတ်ရေးနှင့်  ဧည့်တွေ့မှုမှတ်တမ်းများ စနစ်တကျ ဆောင်ရွက်ထားရှိရေး၊ အသင်းချုပ် ရုံးရှိ ညီနောင်အသင်းများအား ဧည့်သည်အဝင်၊ အထွက်ကို စနစ် တကျ စိစစ်မှတ်တမ်းတင်ထားရှိရေးကို အသိပေးရန်၊ ဝန်ထမ်းများ အနေဖြင့် ရုံးလုပ်ငန်းများ လုပ်ဆောင် ရာတွင် အလှည့်ကျရုံးတွင် ထမ်းဆောင်ရန်နှင့် Work from home အတွက် ပြင်ဆင်ထားရှိရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ညွှန်ကြား ထားသည်များကို  တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို ကာကွယ် ခြင်းဖြင့် မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်ကို ကူညီ စောင့်ရှောက်ရန်တို့ကို မှာကြား‌ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်