မိုင်းပျဉ်း သြဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် တာဝန်ရှိသူများက အများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မခံရစေရေး အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးစစ်ဆေးခြင်းအား မြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်ကြရာတွင် ဖြတ်သွားဖြတ်လာ လှုပ်ရှားလျက်ရှိကြသော ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ဂိတ်တွင် ခရီးသွားပြည်သူများအား ခရီး သွားရာဇဝင် မှတ်တမ်းရယူခြင်း၊ ခရီးသည်တိုင်းနှာခေါင်းစည်း( Mask)များတပ်ဆင်ရန် အသိပေးနှိုးဆော်ခြင်း၊ ကိုယ်ပူချိန် တိုင်းခြင်း၊ တတ်နိုင်သမျှ တစ်ဦးနှင့် တစ်ဦး ထိစပ်မှု မရှိအောင် နေထိုင်ကြရန်နှင့် လူစု လူဝေးများ ကိုရှောင်ရှားကြ ရန်၊ယခုအချိန်တွင် ပြည်တွင်း ကူးစက်မှုများ ရှိလာသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များအား လိုက်နာကြရန်နှိုးဆော် အသိပညာပေးခြင်း စသည့် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ခေတ္တရပ်နားဖြေ လျှော့ ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် တင်ဆောင်ရွက် သွားသင့်သည့် အခြေအနေအရပ်ရပ်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သြဂုတ်လ ၂၄ရက်နေ့က စတင်ပြီး နေ့စဉ်ပုံမှန် ပြန်လည် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်