ကာလိမြို့တွင် နှာခေါင်းစည်း (Mask )များအခမဲ့ဖြန့်ဝေ

ကာလိ သြဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး  မြို့အတွင်း ဝင်/ထွက်သွားလာ နေကြသည့် ပြည်သူများအား နှာခေါင်းစည်း (Mask )များ Campaign ပြုလုပ်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ မှ ယနေ့ နံနက်(၈)နာရီ အချိန်က မြို့မဈေးရှေ့ ၊ ပြည်ထောင်စုလမ်းမကြီးတွင်  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း နှင့် ဝန်ထမ်းများ၊ အမှတ်(၁၅၁)ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မျိုးကိုကိုထက်နှင့်တပ်မတော်သားများ၊ ကာလိ နယ်မြေရဲစခန်းမှ ရဲအုပ်လှဟန်  နှင့် ရဲတပ်ဖွဲ့ဝင်များ၊စည်ပင်သာယာရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်ဇော်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော် နှင့်ဝန်ထမ်းများ၊ ကာလိမြို့ဒေသဆိုင်ရာ အဖွဲ့အစည်းများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ၊ ကာလိမြို့အတွင်း ဝင်/ထွက်သွားလာနေကြသော ပြည်သူ များအား  အပြင်ထွက်တိုင်းနှာခေါင်းစည်းတပ်ဆင်စေခြင်း ၊ မလိုအပ်ပါက အပြင်မထွက်ကြရန်  နှင့် အသိ ပညာပေး စကားပြောကြားပေးခဲ့ပြီး ပြည်သူများအား နှာခေါင်းစည်း(Mask)များ  အခမဲ့ဖြန့်ဝေပေး ခဲ့ကြ ကြောင်း သိရသည်။ 

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)