မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင် မိခင်များအား ငွေကျပ်သုံးသောင်းထောက်ပံ့ပေးမည့် (Ngwe Bike) Application တွင် စာရင်းပေးသွင်းနိုင်ရေး နှိုးဆော်

ရန်ကုန် ဩဂုတ် ၂၇

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များထောက်ပံ့ခြင်းကို ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်တိုင်း အတွက် တစ်ကြိမ်တည်း ၃၀၀၀၀ိ/- ( သုံးသောင်း ကျပ်တိတိ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထိုသို့ထောက်ပံ့ ရာတွင် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်းပေးသွင်း ရမည် ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များကိုပုံမှန်ထောက်ပံ့ပေးနေသည့် ဒေသများတွင် မပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ် များသာ အဆိုပါထောက်ပံ့မှုကို ရရှိမည်ဖြစ်သည်။

ထိုသို့ စာရင်းပေးသွင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များ အားလုံး  အနေဖြင့် ထောက်ပံ့ပေးမှုတွင် ကျန်ရှိမှုများ မဖြစ်စေရန် အတွက် အဆိုပါ Application တွင် စာရင်းမသွင်း ရသေး သူများအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် (၂၆.၈.၂၀၂၀) ရက်နေ့မှ (၁၅.၉. ၂၀၂၀) ရက်နေ့အထိ လာရောက် စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် ထို့သို့လာရောက်စာရင်းပေးသွင်းရာတွင် ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ်(သို့) ကိုယ်ဝန် အပ်သည့်အခါ ထုတ်ပေးလိုက်သည့်ဆေးမှတ်တမ်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်  လက်ကိုင်ဖုန်းများကိုပါ အတူတကွ ယူဆောင် လာကြရန် သက်ဆိုင်ရာ ရပ်ကွက်များမှ နှိုးဆော် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)