ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစစ်ဆေးသည့်ဂိတ်များ ပြန်လည်ဖွင့်လှစ်၍ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ပင်လုံမြို့ ဝမ်အင် အ.မ .က ကျောင်းရှိ မြို့ဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက ပြန်လည် ဖွင့်လှစ်ကာ ပင်လုံမြို့သို့ ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။