လွိုင်ကော် ဇူလိုင် ၃၁
ပညာသင်ကြားနေ့သည့် လူငယ်များ နေ့စဉ်သုံးပြုအလျက်ရှိသည့် ဆပ်ပြာအမျိုးမျိုး၏ ထုတ်လုပ်နည်းပညာကို သိရှိစေရန်နှင့် ပညာသင်ကြားနေသည့်ကာလ ပြီးဆုံးပါက အတန်းပညာအပြင် အသက်မွေးဝမ်းကျောင်းပညာ တစ်ခုရရှိပြီး ၎င်းတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၅)ဖွင့်ပွဲ ကို ဇူလိုင် ၂၉ ရက်က လွိုင်ကော်မြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိမ်လင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို သင်တန်းဆရာထံ လွှဲပြောင်းပေးအပ်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းသင်တန်းအား ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီမှ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၉.၇.၂၀၂၅ ရက်နေ့မှ ၂.၈.၂၀၂၅ ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀)ဦးအား စာတွေ့/လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုတွတ် (ပြန်/ဆက်)