စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း (ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အခမ်းအနားသည် ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စေတနာထား၍ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်များအပေါ် ကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း မိမိ တို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းမိသားစုဝင်များ၏ လိုအပ်ချက်များအား ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း စောင့်ထိန်းရမည့် ကျင့်ဝတ်၊စည်းကမ်းများအား လေးစားလိုက်နာစောင့်ထိန်းလျက် နိုင်ငံတော် နှင့်ပြည်သူတစ်ရပ်လုံးမှ အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင် ပြောဆိုဆက်ဆံကြပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆန်နှင့်ဆီများအား အသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများ နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ဝန်ထမ်းတစ်ဦးလျင် ဆန် ၄ ပြည်နှင့် စားသုံးဆီ ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်းဝန်ထမ်း ၄၃၀ ဦးအတွက် ဆန် ၇၂ အိတ်၊ စားသုံးဆီ ၂၁၅ ပိဿာ စုစုပေါင်းငွေ ကျပ် - ၁၀,၃၆၀,၀၀၀ (တစ်ရာ့သုံးသိန်းခြောက်သောင်းကျပ်) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)