မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၌ စာဖတ်ဝိုင်းပြုလုပ်

လမိုင်း စက်တင်ဘာ ၂

မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များနှင့် လူငယ်ရေးရာ ကော်မတီဝင်များ ပူးပေါင်းပြီး ယနေ့ နံနက် (၁၁)နာရီ က စာရေးဆရာလယ်တွင်းသား​​​စောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လမိုင်းမြို့(ပြန်/ဆက်)ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်တင်ဇာစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားခဲ့ပြီး ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်ပါအကြောင်းအရာများကို လမိုင်းမြို့စာပေ ချစ်သူများအသင်းမှ ဦးဝိဇ္ဇာလင်း၊ ဒေါ်ခင်ခင်ဦးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာကြသူများမှ စာအုပ်ပါအကြောင်းအရာများနှင့် ပတ်သက်၍မိမိတို့၏အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

လမိုင်း(ပြန်/ဆက်)