စစ်ကိုင်း သြဂုတ် ၁
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမျိုးသမီးပြိုင်းပွဲတွင် ပထမဆုရရှိသော တတိယနှစ် (ဒုတိယနှစ်ဝက်)အသင်း၊ အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော စတုတ္ထနှစ်(ပထမနှစ်ဝက်) အသင်းအား ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူများက ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိကြသော အသင်းများနှင့် အကောင်းဆုံး အားကစားသမားဆုရရှိကြသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)