အင်္ဂပူ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြိုနယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ သပြေတုန်းလဲကျေးရွာတွင် ယနေ့နံနက်ပိုင်းက (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေဩဇာကြဲပက်ပွဲ ပြုလုပ်ခဲ့သည်။
ဓာတ်မြေဩဇာကြဲပက်ခြင်းကို အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ သပြေတုန်းလဲကျေးရွာ ကွင်းအမှတ် ၈၄၀၊ ဦးပိုင်အမှတ် ၉၂/၂ရှိတောင်သူ ဦးမြင့်နိုင်၏ လယ်ယာမြေတွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရေယက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)