တပ်ကုန်းမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/နေပြည်တော် ကောင်စီ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းခွင်များကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ကန်ကြီးထောင့်မြို့နယ်၌ “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ပြုလုပ်

ကန်ကြီးထောင့်မြို့နယ်၌ “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ပြုလုပ် ကန်ကြီးထောင့် ဩဂုတ် ၁ မြို့နယ်(ပြန်/ဆက်)

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဝန်ထမ်းများသတ်မှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းနှင့်တာဝန်များကို စောင့်ထိန်းလိုက်နာ၍ လုပ်ငန်းကျွမ်းကျင်မှု အစဥ်တိုးတက်နေစေရန် ကြိုးစားခြင်းဖြင့် လုပ်ငန်းစွမ်းရည်တိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း​က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ “အမှိုက်ကင်းစင်ရေး” ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကန်ကြီးထောင့်မြို့နယ်၌ “အမှိုက်ကင်းစင်ရေး” ခေါင်းစဉ်ဖြင့်အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ် ကန်ကြီးထောင့် ဩဂုတ် ၁ မြို့နယ်(ပြန်/ဆက်)

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ (၁၈)ကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး (၁၈)ကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ် ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများထံ သွားရောက် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့်အသက်(၂)လပြည့်မှ (၁)နှစ်ခွဲ‌အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ်(၅)ရပ်ကွက်မှ  အသက် (၂)လပြည့်မှ (၁)နှစ်ခွဲအောက်  ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
Subscribe to