ခရမ်းမြို့နယ် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ခရမ်း စက်တင်ဘာ ၄

ရန်ကုန်  တောင်ပိုင်ခရိုင်၊  ခရမ်းမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းက Facility Quarantine Center အဖြစ် ထပ်မံတိုးချဲ့ ဆောင်ရွက် ရန် လျာထားသည့် အမှတ်(၂) ရပ်ကွက်ရှိ အောင်ဓမ္မရိပ်သာနှင့် အမှတ်(၇) ရပ်ကွက်ရှိ မဟာစည်ရိပ်သာတို့အား ကြိုတင်ပြင်ဆင် ရေးနှင့် Community  Quarantine Center အဖြစ် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး  ပြောကြား ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက  မြို့နယ် အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံနှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း)