ခါမ်းပါတ် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု အနေဖြင့် ဧကပေါင်း (၂၀၂၅၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုတို့တွင် မိုးစပါး စိုက်ဧက (၂၀၆၈၆) ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လအထိ ဧကပေါင်း (၂၀၂၅၆) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
မျိုးကွဲများအလိုက် စိုက်ပျိုးပြီးစီးမှုအနေဖြင့် ဧရာမင်း (၁၁၈၅၁) ဧက၊ မှော်ဘီ (၃၂၇၆) ဧက၊ ဆင်း-၃ (၂၈၃၁) ဧက၊ ဧည့်မထ (၁၈၇၄) ဧကနှင့် အခြားမျိုးကွဲ (၄၂၄) ဧက၊ စုစုပေါင်း (၂၀၂၅၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ခါမ်းပါတ်မြို့တွင် ဒေသခံများကြိုက်နှက်သက်၍ ဈေးကောင်းရသည့် ဧရာမင်းစပါးမျိုးကို အဓိက ထား စိုက်ပျိူးကြကြောင်းလည်း သိရှိရသည်။
သားငယ်(ပြန်/ဆက်)