ချင်းရွှေဟော် နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၂၆)ဦး ထပ်မံဝင်ရောက်

 

ချင်းရွှေဟော်   စက်တင်ဘာ  ၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဂိတ်ပေါက်မှ နေ့စဉ် ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့၊ညနေ(၆)နာရီအချိန်က(၂၅)ဉီးနှင့် စက်တင်ဘာလ ၃ရက်နေ့ ယနေ့မွန်းလွဲ(၃)နာရီခွဲအချိန်က(၁)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၆)ဦး ထပ်မံ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၆)ဉီး တို့မှာ အမျိုးသား(၁၀)ဉီး၊ အမျိုးသမီး(၁၆)ဉီး   တို့ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး မြို့နယ်မှ (၂)ဉီး၊ နမ့်ဆန်မြို့နယ် မှ(၂)ဉီး၊ နမ္မတူမြို့နယ်မှ(၁)ဉီး၊ တန့်ယန်းမြို့နယ်မှ(၃)ဉီး၊ သီပေါမြို့နယ်မှ (၂)ဉီး၊ သိန္နီမြို့နယ်မှ(၂)ဉီး၊ လောက်ကိုင်မြို့နယ် မှ  (၈)ဉီး၊ ဟိုပန်မြို့နယ်မှ(၁)ဉီးနှင့် ကွမ်းလုံမြို့နယ် မှ(၄)ဉီး တို့ဖြစ် သည်။

ထိုသို့   ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူများအား  ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် များသို့  စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၂၄၁) ဉီးနှင့် အမျိုးသမီး(၆၆၃၄)ဉီး တို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၄၈၇၅)ဉီးတို့ကို လွှဲပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)