လယ်ယာမြေပေါ်၌ ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများ ဖြေရှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သထုံ ဩဂုတ် ၁

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ဇူလိုင် ၃၀ ရက်နေ့နံနက်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးစိုးအောင်က လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကိုဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်ဆောင်ရွက်မည့် စံပြလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း အလားတူပြည်နယ်လုပ်ငန်းကော်မတီနှင့် ခရိုင်/မြို့နယ်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် စောင့်ကြည့်စိစစ်တင်ပြရေးအဖွဲ့များဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ယခုအစည်းအဝေးတွင် အခြားနည်းဖြင့် ကျူးလွန်အသုံးပြုထားမှုများအပေါ် စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်သုံးသပ်၍ ပြည်နယ်လုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြမည်ဖြစ်ရာအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ အတွင်း‌ရေးမှူး၊ သထုံခရိုင် မြေစာရင်းဦးစီးဌာနမှူး ဦးဝင်းဇော်ထွန်းက သထုံမြိုနယ်နှင် ပေါင်မြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့တို့မှတင်ပြလာသည့် သက်ဆိုင်ရာမြို့နယ်တို့အတွင်း လယ်‌ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်အသုံးပြုထားမှုများနှင့်ပတ်သက်၍ ပြည်နယ်ကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေး သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရှင်းလင်းရာ ခရိုင်မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ သထုံခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)