မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်

မော်လမြိုင်ကျွန်း ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးခင်မောင်ဉီးက ဌာနဆိုင်ရာများအား ဆောင်ရွက်ရမည့် လုပ်ငန်းများလုပ်ကိုင်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲအစိုးရ၏ မူဝါဒများ၊ ရည်မှန်းချက်များနှင့် ဉီးတည်ချက် (၁၂)ရပ်ကိုဖော်ဆောင်သွားရန်၊ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မကြာမီအချိန်တွင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)