ကျိုက်လတ် ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်လတ်မြို့ ဦးစန္ဒာလမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်ပိုစတာ စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများပူးပေါင်း၍ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းနှင့် အမှတ်(၅)ရပ်ကွက်၊ (၁၉)လမ်းတို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်မောင်းသူများလိုက်နာရန် အသိပေးခြင်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာလျှင် သက်ဆိုင်သည့် ပြစ်ဒဏ်များအပါအဝင် Quick Win အစီအမံ (၅) ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပေးခြင်းဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလျား ၄ ပေ၊ အနံ ၃ ပေ ဆိုင်းဘုတ်များ အားလိုက်လံ စိုက်ထူပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)