မိုင်းတုံမြို့၌ အပတ်စဉ်‌ သောကြာနေ့တိုင်း ကုန်စုံပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မိုင်းတုံ ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း အပတ်စဉ် သောကြာနေ့တိုင်း ကုန်စုံပစ္စည်းများဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၉ နာရီအချိန်က လမ်းမတော်လမ်းရှိ မြို့မပန်းခြံထောင့်၌ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ထင်‌ကျော်ဦးဆောင်၍ တပ်နယ်မိသားစုများက အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကုန်စုံမျိုးစုံ ရောင်းချပေးရခြင်းသည် ပြည်သူများကို ကူညီပေးနိုင်သည့်ဘက်ကနေ အချိုသာဆုံးဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား(ဥတုံး)၊ ကြက်သား(စီပီ)၊ ကြက်ဥ၊ ဂျုံကြာဇံ၊ ဂျုံ‌ ခေါက်ဆွဲ၊ ခေါက်ဆွဲခြောက်အသေး၊ ပဲခရမ်းချဉ်(စည်သွပ်)၊ သရပ်သီးသနပ်၊ နာနတ်ယို၊ ငပိကြော်၊ ပုန်းရည်ကြီး၊‌ ရွှေဖီဦးကော်ဖီမစ်‌ပေါင်ထုတ်၊ မီကိုကော်ဖီမစ်ပေါင်ထုတ်၊ ငါးဗူးကြီး၊ အမဲဗူးကြီး၊ ပဲခြမ်း‌ကြော်ထုပ်၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် အပတ်စဉ်‌ သောကြာနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)