မိုးကောင်း ဩဂုတ် ၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်သူဇာဝင်းက သင်တန်းနှင့်ပတ်သက်၍ power point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သင်တန်းတက်ရောက်လာသူ မဲရုံတာဝန်ခံ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်ပြများက အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုပုံနည်းများကို အုပ်စုဖွဲ့၍ လက်တွေ့သရုပ်ပြသင်တန်းပေးကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၅၉၉) ဦးအား (၂)ရက်လျှင် မဲရုံတာဝန်ခံ သင်တန်းသား (၁) ဖွဲ့နှုန်းဖြင့် (၆) ဖွဲ့ခွဲ၍ ဩဂုတ်လ (၁) ရက်နေမှ (၁၂) ရက်နေ့အထိ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး