ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့် ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းအား တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီသတ်ဦးစီးမှူးဦးမျိုးမြင့်စိုး၏ လမ်းညွှန်မှုဖြင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ သတ်မှတ်ချက်နှင့်အညီ ထားရှိမှုရှိ/မရှိ၊ စက်သုံးဆီဆိုင်များမှစတင်၍ မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ မီးဘေးလုံခြုံရေးထောက်ခံချက် (Fire Safety Certificate) (FSC) ရရှိရေးအတွက် အလေးထား ဆောင်ရွက်ရန်ကိစ္စရပ်များအား ပူးပေါင်းအဖွဲ့များနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)