မိုင်းနောင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်း မရှိစေရေးအတွက် ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လူစည်ကားသော လမ်းဆုံများ၊ ပျံကျစျေးများတွင် (mask) နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းများကို ယနေ့နံနက်(၆)နာရီက စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမား ရေးဝန်ထမ်းများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ စျေးအတွင်း ရောင်းချနေသူ စျေးသည်များနှင့် စျေးဝယ်သူများ အပူချိန် တိုင်းတာပေးခြင်း၊Hang gelများအသုံး ပြုစေခြင်း၊ လူစည်ကားသောလမ်းဆုံများတွင်သွားလာနေသူများအား (mask) နှာခေါင်း စည်း တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းနှင့်တပ်ဆင်ခြင်း မရှိသူများအား အခုဝယ် အခုတပ် စနစ်ဖြင့်ရောင်းချ တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဆံသဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ဆက်လက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
မိုင်းနောင် (ပြန်/ဆက်)