စစ်ကိုင်းမြို့တွင် စားသုံးရန်မသင့်သည့် လူသုံးကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီး

စစ်ကိုင်း စက်တင်ဘာ ၅

စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ အကာအကွယ်ပေးရေးအတွက် မိတ်ဖက်ဌာန ဆိုင်ရာများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်အတွင်းရှိ ဈေးရောင်းချသူများ၊ ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး၍ စားသုံးရန် မသင့်သည့် လူသုံးကုန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း ကို ယမန်နေ့ နေ့လည်ပိုင်း က အဆိုပါရုံးဝင်းအတွင်း ဖျက်ဆီးခဲ့ကြကြောင်းသိရ သည်။

"ကျွန်တော်တို့ဌာနအနေနဲ့ကတော့ စားသုံးသူကာကွယ်ရေးနဲ့ အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ဖြစ်ပါတယ်  နောက်ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ဖြစ်ပါတယ် နောက် ပြီး ကုန်စည်နှင့် ဝန်ဆောင်များ၏ အရည်အသွေး၊ စီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရန်ဆိုတဲ့ လုငန်းစဉ်တွေပါပဲ အခုလည်း မြို့နယ်အတွင်း ဈေးရောင်း ချသူ/ ထုတ်လုပ်သူ လုပ်ငန်းရှင်တွေကို ကွင်းဆင်း စစ်ဆေးရင်း သက်တမ်းလွန် ကုန်ပစ္စည်းတွေ/ စားသုံးရန်မသင့်တဲ့ကုန်ပစ္စည်းတွေကို သက်ဆိုင်ရာ မိတ်ဖက်ဌာန ဆိုင်ရာများ နှင့် ပူးပေါင်းပြီး မီးရှို့ ဖျက်ဆီးခဲ့တာပါ" ဟု ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော် က ပြောပြ၍သိရသည်။

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးအတွက် ဈေးကြီး များ/ ရပ်ကွက်/ ကျေးရွာအတွင်း ဈေးဆိုင်ခန်းများ၊ ထုတ်လုပ်သူလုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဌာနဆိုင် ရာများနှင့်အတူ စီမံချက်များရေးဆွဲ၍ စဉ်ဆက်မပြတ်ကွင်းဆင်း စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)