ရန်ကင်းမြို့နယ်၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်

ရန်ကင်း   စက်တင်ဘာ ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ၌ MASKတပ်ဆင်သွားလာခြင်းမရှိသော ပြည်သူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သော အမှတ်(၁)ရပ်ကွက်၊ ရန်ကင်း လမ်း၊ ၁၂ လုံးတန်းကားဂိတ် နှင့် မီးပွိုင့်အနီးနေရာများတွင် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့တွင်းလှုပ်ရှားသွားလာ သူများ အား Mask တပ်ဆင်သွားလာရန် နေ့စဉ်အသိပညာပေးဆောင်ရွက်လျက် ရှိရာ  ယမန်နေ့ ညနေပိုင်း က Mask တပ်ဆင်သွားလာခြင်း မရှိသူ(၁၈)ဦးအား ဒဏ်ပေး သည့်အနေဖြင့် တစ်ဦးလျှင် Mask (၁၀)ခု ကို (၅၀၀/-)ကျပ် နှုန်းဖြင့် ဝယ်ယူစေပြီး တစ်ခုကိုတစ်ပါတည်း တပ်ဆင်စေပြီးမှသာ လိုရာခရီးသို့ ဆက်သွား ခွင့်ပြုခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)