ဇလွန် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ် အသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေး ကြိုတင်၍ ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုကို ယနေ့နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပူးပေါင်း ဆောင်၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန် အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)