မဒေါက် ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ ဇူလိုင် (၃၀)ရက် နံနက်ပိုင်းက စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်လာမှုကြောင့် မဒေါက်မြို့မ (၁)/(၂)ရပ်ကွက်မှ ယခင်အိမ်ခြေ/အိမ်ထောင်စု(၅၉)စု လူဦးရေ(၂၁၂)ဦးတို့အား မြို့မ(၁)ရပ်ကွက်၊ အင်းချောင်ကျောင်းဟောင်းတွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းထားရှိပြီး မြို့မ(၁)ရပ်ကွက်၊ ကျောင်းကြီးပိုင်း(၁)၊ (၂) အနိမ့်ပိုင်းနေသည့် အိမ်ခြေ/အိမ်ထောင်စု(၇)စု၊ လူဦးရေ(၄၀)ဦးတို့အား အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံရွှေ့ပြောင်းထားခဲ့ရာ ဇူလိုင် ၃၀ ရက် နံနက်(၁၀)နာရီအချိန်ထိ အိမ်ခြေ/အိမ်ထောင်စု (၆၆)စု၊ လူဦးရေစုစုပေါင်း (၂၅၂)ဦးအထိ ရွှေ့ပြောင်းထားရှိကြောင်း သိရသည်။
အဆိုပါပြောင်းရွှေ့ထားသည့် အိမ်ထောင်စုများအား ချက်ပြုတ်ရေးအဖွဲ့များသို့ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥများ ဆက်လက်ထောက်ပံ့ စီစဥ်ပေးလျက်ရှိကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)