ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆီထွက်သီးနှံ ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးလျက်ရှိ

ပေါက်ခေါင်း ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆဋ္ဌမအကြိမ်မြောက် Type-3 ဆီထွက်သီးနှံရန်ပုံငွေ ပြန်လည်ထုတ်ပေးခြင်းအခမ်းအနားကို ဝက်တိုးကျေးရွာ၌ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် ဝန်ထမ်းများက အသင်းသားများအား ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ရန်ပုံငွေဖြင့် ဝက်တိုးကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား (၅၃)ဦးအတွက် ငွေကျပ်သိန်း(၁၁၀) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)