ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း အကြိုကွင်းဆင်းစစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရှည်(၁)မိုင်ကျော်ခန့်ရှိသော ကုန်ထုတ်လမ်းအားဖောက်လုပ်ရန် ကျွဲပေါင်ပင်ကျေးရွာသို့ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ခန့်မှန်းကုန်ကျငွေကျပ် (၁၉၄၈၁၀၀၀)ဖြင့် ကျွဲပေါင်ပင်ကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ယခုအခါ လုပ်ငန်းများဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူမှု ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း အောင်မြင်စွာဆောင်ရွက်ပြီးစီးပါက ကျွဲပေါင်ပင်ကျေးရွာရှိ အိမ်ခြေ(၁၁၂)အိမ်မှလူဦးရေ (၅၀၉)ဦးခန့်၏ သွားလာမှုနှင့်ကုန်စည်စီးဆင်းမှု မြန်ဆန်နိုင်ရုံသာမက လယ်ယာဧက(၁၀၀၀၀)ကျော်မှ ထွက်ကုန်သီးနှံများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)