ဘုရားသုံးဆူ၊ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရာသုံးဆူမြို့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၂၀၆)ဦးအား လူမှုရေးပင်စင်များပေးအပ်ခဲ့ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)