မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၁
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွဲနုံးတန်းကျေးရွာအုပ်စု၊ ရွှေခက်ကျေးရွာ၌ စက်တင်ဘာလ ၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်တစ်လုံး၊ အိမ်ထောင်စုတစ်စုမှ ဘေးသင့်ပြည်သူ ၂ ဦးအတွက် ထောက်ပံ့ ပစ္စည်းပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ရွှေခက်ကျေးရွာ ဘေးသင့် ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါနေအိမ်တစ်လုံး ပြိုကျပျက်စီးမှုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၁ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀,၀၀၀ ကျပ်၊ ဆန်ရိက္ခာ ၇ ရက်စာဖိုး ၄၂၀၀ စုစုပေါင်း ၁၀၄,၂၀ဝ ကျပ်တိတိကို ဘေးသင့်ပြည်သူအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)